ဒေါ့new domain shortcut ကို Google Meet စတင်သုံးစွဲ

ဗီဒီယို ကွန်ဖရင့် အဆမတန်ကြီးထွားသွားချိန်မှာ နောက်ကျကျန်ရစ်တဲ့ Google က နဂိုကတည်းက

လူမှုကွန်ရက် ကဏ္ဍမှာ အတော်အားနည်းပါတယ်။ ဒီတော့ Facebook လို ရှိပြီးသား လူမှုကွန်ရက် ပရိသတ်ကို ရှိပြီးသား လူမှုကွန်ရက်အက်ပ်ကနေ ဗီဒီယို ကွန့်ဖရင့် လုပ်ခိုင်းဖို့ မဖြစ်နိုင်တာကြောင့် Gmail နဲ့ တွဲလွှတ်ပြီး စမတ်ဖုန်းတွေထဲကို  Google Meet အရောက်ပို့တော့မယ်။

နောက်ထပ်ခြေလှမ်းတစ်ခုကတော့ ဒေါ့နယူးဆိုတဲ့ .new  ဆိုတဲ့  domain shortcut  ကို စတင်သုံးစွဲလိုက်တာ ဖြစ်ပါတယ်။

မိုက်ခရိုဆော့ဖ်ရဲ့ ရုံးသုံးအုပ်စုမှ Words နဲ့ ဆင်ဆင်တူတဲ့ Google Doc မှာ ဖိုင်အသစ်တစ်ခု ခေါ်ချင်ရင် address bar လို့ ခေါ်ကြတဲ့ URL အပေါက်မှာ docs.new လို့ domain shortcut ရိုက်ထည့်လိုက်ရင်  Google Docs အသစ်တစ်ခု စခရင်မှာ ပေါ်လာမယ်။

 

 Excel နဲ့ ဆင်ဆင်တူတဲ့ Google Sheet ကိုလည်း အလားတူပင် sheets.new လို့ domain shortcut ကို ရိုက်လိုက်ရင် Google Sheet အသစ်တစ်ခု စခရင်မှာ ပေါ်လာမယ်။ အတိအကျ ပြောရရင်တော့ ဘရောင်စာမှာ အသစ်တစ်ခု ဖွင့်ပေးလိုက်တာ ဖြစ်ပါတယ်။

 

အခု Google Meet  ကိုလည်း meet.new ဖြင့် domain shortcut ရိုက်ထည့်ပြီး ခေါ်လို့ရအောင် စီစဉ်ထားလိုက်ပြီ။

meet.new လို့ address bar မှာ ရိုက်ထည့်လိုက်ရင် ဘရောင်စာမှာ Google Meet   ပေါ်လာမှာ ဖြစ်ပါတယ်။

 

 

G Suite vice president Javier Soltero က Twitter မှာ အခုလို အသိပေးထားပါတယ်။

 

 

Read times
Rate this item
(0 votes)