Zoom ရှယ်ယာများဖြင့် ဒေါ်လာ ၂ ဘီလျံကျော် ရရှိခဲ့သော လူသိနည်းသော ရင်းနှီးမြှုပ်နှံသူ

Coronavirus ကူးစက်ပျံ့နှံ့မှုကြားမှ၎င်း၏ဗွီဒီယိုကွန်ဖရင့် ၀ န်ဆောင်မှုသည်

လူကြိုက်များသောကြောင့် Zoom ၏အစုရှယ်ယာမျာဈေးမြင့်တက်ခဲ့သည်။

Zoom ၏အစုရှယ်ယာများ ဈေးမြင့်တက်ခြင်းကြောင့် အကြီးအကျယ် ချမ်းသာသွားကြသူများတွင် နာမည်အကျော်ကြားဆုံးမှာ Zoom တည်ထောင်သူ Eric Yuan ဖြစ်သည်။ သူ၏ ပိုင်ဆိုင်မှုတန်ဖိုးမှာအမေရိကန်ဒေါ်လာ ၁၀.၇ ဘီလီယံ ဖြစ်လာခဲ့သည်။
သူ့အပြင် ဘဏ္ဍာရေးနှင့် စီးပွားရေးလုပ်ငန်းများတွင် နာမည်ကြီးသူအချို့လည်း ပါဝင်သည်. ထိုသူများထဲတွင် ဟောင်ကောင်မှ Li Ka-shing၊ Tiger Global Management ၏ Chase Coleman တို့ ပါဝင်ကြသည်။
လူသိအနည်းဆုံးမှာ ထိုင်ဝမ်ရင်းနှီးမြှုပ်နှံသူ Samuel Chen ဖြစ်သည်။ သူသည် မင်ကုန်သည်တစ်ဦးဖြစ်ပြီး လွန်ခဲ့သည့် တစ်ဆယ်နှစ်ကတည်းက Digital Mobile Venture Ltd., အမည်ရှိ ရင်းနီးမြှုပ်နှံမှု လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ၌ ရင်းနှီးမြှုပ်နှံမှုများကို videoconferencing တွင် ရင်းနှီးမြှုပ်နှံခဲ့သူ ဖြစ်သည်။ Zoom ၏ အစောပိုင်းကာလကတည်းက ရှယ်ယာများ ဝယ်ယူပြီး ရင်းနှီမြှုပ်နှံခဲ့ရာ ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံပိုင်ဆိုင်မှုကို ထိန်းချုပ်ထားသည်။

ယခုနှစ် ပထမ သုံးလပတ်တွင် ဝင်ငွေ ၁၇၀ ရာခိုင်နှုန်း တိုးခဲ့ပြီး ရှယ်ယာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ် လူထုထံ ရှယ်ယာများ ဈေးဖွင့်ရောင်းချစဉ်ကထက် ၄၈၄ ရာခိုင်နှုန်း ဈေးမြင့်တက်ခဲ့သည်။ တစ်နည်းဆိုသော် ရှယ်ယာဈေးနှုန်း ၅ ဆ နီးပါး တက်သွားခြင်း ဖြစ်သည်။
Zoom မှာ ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးမြှုပ်နှံမှုသည် ၅ ဆ ပိုချမ်းသာသွားပြီ ဖြစ်သည့် Samuel Chen သည် ခပ်လျှိုလျှိုသာ နေထိုင်သူ ဖြစ်သည်။ အင်တာဗျူးများကို လက်မခံချေ။ သူ ရင်းနှီးမြှုပ်နှံထားသည့် ထိုင်ဝမ်ဆားကစ်ထုတ်လုပ်ရေးလုပ်ငန်း Sonix Technology ၏ ဘုတ်အဖွဲ့ဝင်တစ် ဦး ဖြစ်သော်လည်း လုပ်ငန်း၏ နေ့စဉ်လုပ်ကိုင်လည်ပတ်မှုများတွင် ပါဝင်ခြင်း မရှိချေ။

Zoom မှာ သူ ရင်းနှီးမြှုပ်နှံခဲ့သည်မှာ Zoom ၏ အနာဂတ်ကို သူ မြော်မြင်ပြီး လုပ်ကိုင်ခဲ့ခြင်း မဟုတ်ချေ။ သူက Zoom မှာ ကံကောင်းထောက်မပြီး ရင်းနှီးမြှုပ်နှံဖြစ်ခဲ့ခြင်းသာ ဖြစ်သည်ဟု ယူဆထားသည်။ ဇာတ်ရည်လည်အောင် တင်ပြရလျှင် သူ၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း Digital Mobile Venture Ltd. သည် အမေရိကန်မှ ခရီးလမ်းပြမှုဆိုင်ရာ ဆော့ဖ်ဝဲလ် Telenav တွင် ရှယ်ယာများ အများဆုံးပိုင်ဆိုင်ထားသည်။
Telenav ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ HP Jin က Chen ကို Yuan နှင့် မိတ်ဆက်ပေးခဲ့သည်။
Telenav ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ HP Jin က ဆန်ဖရန်စစ္စကိုမြို့ ဧရိယာတွင် စနေ၊ တနင်္ဂနွေနေ့ များမှာ ဘောလုံးအတူတူ ကစားစဉ်မှစ၍ Yuan ကို သိခဲ့သည်။ Yuan က ရင်းနှီးမြှုပ်နှံသူများ ရှာဖွေသည့်အခါ Jin က အကူအညီပေးသည့်အနေဖြင့် Yuan ကို Chen နှင့် မိတ်ဆက်ပေးခဲ့သည်။ Yuan က သူ့လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် ရှင်းလင်းပြောပြခဲ့ရာ Chen က ရင်းနှီးမြှုပ်နှံမှု ပြုခဲ့သည်။

Chen ၏ ရင်းနှီမြှုပ်နှံမှုလုပ်ငန်း Digital Mobile Venture Ltd. သည် Zoom ၏ အစုရှယ်ယာအချို့ကို ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။ Zoom ကို အများပိုင်ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲပြီး အစုရှယ်ယာများကို လူထုထံ စတင်ရောင်းချခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလတွင် ရှယ်ယာများ ၂၂ သန်းဖိုးကို Digital Mobile Venture Ltd. က ထုတ်ရောင်းခဲ့သည်။ ပြီးခဲ့သည့် မတ်လတွင် Zoom ရှယ်ယာများ ဈေးကောင်းနေစဉ် အစုရှယ်ယာ ၁၃ သန်းကို ထုတ်ရောင်းခဲ့သည်။ ကာလပေါက်ဈေးအရ အမေရိကန်ဒေါ်လာ ၂ . ၁ ဘီလျံဖိုး အထိရှိမည်ဟု ခန်ံမှန်းသည်။
ဓာတုဗေဒဖြင့် ထိုင်ဝမ်ရှိ National Tsing Hua University မှ ဘွဲ့ရခဲ့သော Chen သည် မင်ကုန်သည်အဖြစ် စီးပွားရေးအောင်မြင်ခဲ့ပြီးသည့်နောက်တွင် Digital Mobile Venture Ltd. ကို ထူထောင်ကာ အရဲစွန့် ရင်းနှီးမြှုပ်နှံမှုများ ပြုခဲ့သည်။ ယခုအခါ အသက် ၆၈ နှစ်ကျော်ပြီ ဖြစ်ပြီး Zoom ၏ ဒါရိုက်တာဘုတ်အဖွဲ့မှ ၂၀၁၈ ခုနှစ်တွင် အနားယူခဲ့သည်။

 

Zoom ရွယ္ယာမ်ားျဖင့္ ေဒၚလာ ၂ ဘီလ်ံေက်ာ္ ရရွိခဲ့ေသာ လူသိနည္းေသာ ရင္းႏွီးျမႇဳပ္ႏွံသူ


Coronavirus ကူးစက္ပ်ံ႕ႏွံ႔မႈၾကားမွ၎၏ဗြီဒီယိုကြန္ဖရင့္ ၀ န္ေဆာင္မႈသည္လူႀကိဳက္မ်ားေသာေၾကာင့္ Zoom ၏အစုရွယ္ယာမ်ာေဈးျမင့္တက္ခဲ့သည္။

Zoom ၏အစုရွယ္ယာမ်ား ေဈးျမင့္တက္ျခင္းေၾကာင့္ အႀကီးအက်ယ္ ခ်မ္းသာသြားၾကသူမ်ားတြင္ နာမည္အေက်ာ္ၾကားဆုံးမွာ Zoom တည္ေထာင္သူ Eric Yuan ျဖစ္သည္။ သူ၏ ပိုင္ဆိုင္မႈတန္ဖိုးမွာအေမရိကန္ေဒၚလာ ၁၀.၇ ဘီလီယံ ျဖစ္လာခဲ့သည္။
သူ႔အျပင္ ဘ႑ာေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ားတြင္ နာမည္ႀကီးသူအခ်ိဳ႕လည္း ပါဝင္သည္. ထိုသူမ်ားထဲတြင္ ေဟာင္ေကာင္မွ Li Ka-shing၊ Tiger Global Management ၏ Chase Coleman တို႔ ပါဝင္ၾကသည္။
လူသိအနည္းဆုံးမွာ ထိုင္ဝမ္ရင္းႏွီးျမႇဳပ္ႏွံသူ Samuel Chen ျဖစ္သည္။ သူသည္ မင္ကုန္သည္တစ္ဦးျဖစ္ၿပီး လြန္ခဲ့သည့္ တစ္ဆယ္ႏွစ္ကတည္းက Digital Mobile Venture Ltd., အမည္ရွိ ရင္းနီးျမႇဳပ္ႏွံမႈ လုပ္ငန္းကို လုပ္ကိုင္ခဲ့ရာ၌ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို videoconferencing တြင္ ရင္းႏွီးျမႇဳပ္ႏွံခဲ့သူ ျဖစ္သည္။ Zoom ၏ အေစာပိုင္းကာလကတည္းက ရွယ္ယာမ်ား ဝယ္ယူၿပီး ရင္းႏွီျမႇဳပ္ႏွံခဲ့ရာ ကာလတန္ဖိုး အေမရိကန္ေဒၚလာ ၁.၆ ဘီလီယံပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္ထားသည္။

ယခုႏွစ္ ပထမ သုံးလပတ္တြင္ ဝင္ေငြ ၁၇၀ ရာခိုင္ႏႈန္း တိုးခဲ့ၿပီး ရွယ္ယာေဈးႏႈန္းသည္ ၿပီးခဲ့သည့္ႏွစ္ လူထုထံ ရွယ္ယာမ်ား ေဈးဖြင့္ေရာင္းခ်စဥ္ကထက္ ၄၈၄ ရာခိုင္ႏႈန္း ေဈးျမင့္တက္ခဲ့သည္။ တစ္နည္းဆိုေသာ္ ရွယ္ယာေဈးႏႈန္း ၅ ဆ နီးပါး တက္သြားျခင္း ျဖစ္သည္။
Zoom မွာ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈသည္ ၅ ဆ ပိုခ်မ္းသာသြားၿပီ ျဖစ္သည့္ Samuel Chen သည္ ခပ္လွ်ိဳလွ်ိဳသာ ေနထိုင္သူ ျဖစ္သည္။ အင္တာဗ်ဴးမ်ားကို လက္မခံေခ်။ သူ ရင္းႏွီးျမႇဳပ္ႏွံထားသည့္ ထိုင္ဝမ္ဆားကစ္ထုတ္လုပ္ေရးလုပ္ငန္း Sonix Technology ၏ ဘုတ္အဖြဲ႕ဝင္တစ္ ဦး ျဖစ္ေသာ္လည္း လုပ္ငန္း၏ ေန႔စဥ္လုပ္ကိုင္လည္ပတ္မႈမ်ားတြင္ ပါဝင္ျခင္း မရွိေခ်။

Zoom မွာ သူ ရင္းႏွီးျမႇဳပ္ႏွံခဲ့သည္မွာ Zoom ၏ အနာဂတ္ကို သူ ေျမာ္ျမင္ၿပီး လုပ္ကိုင္ခဲ့ျခင္း မဟုတ္ေခ်။ သူက Zoom မွာ ကံေကာင္းေထာက္မၿပီး ရင္းႏွီးျမႇဳပ္ႏွံျဖစ္ခဲ့ျခင္းသာ ျဖစ္သည္ဟု ယူဆထားသည္။ ဇာတ္ရည္လည္ေအာင္ တင္ျပရလွ်င္ သူ၏ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း Digital Mobile Venture Ltd. သည္ အေမရိကန္မွ ခရီးလမ္းျပမႈဆိုင္ရာ ေဆာ့ဖ္ဝဲလ္ Telenav တြင္ ရွယ္ယာမ်ား အမ်ားဆုံးပိုင္ဆိုင္ထားသည္။
Telenav ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ HP Jin က Chen ကို Yuan ႏွင့္ မိတ္ဆက္ေပးခဲ့သည္။
Telenav ၏ အမႈေဆာင္အရာရွိခ်ဳပ္ျဖစ္သူ HP Jin က ဆန္ဖရန္စစၥကိုၿမိဳ႕ ဧရိယာတြင္ စေန၊ တနဂၤေႏြေန႔ မ်ားမွာ ေဘာလုံးအတူတူ ကစားစဥ္မွစ၍ Yuan ကို သိခဲ့သည္။ Yuan က ရင္းႏွီးျမႇဳပ္ႏွံသူမ်ား ရွာေဖြသည့္အခါ Jin က အကူအညီေပးသည့္အေနျဖင့္ Yuan ကို Chen ႏွင့္ မိတ္ဆက္ေပးခဲ့သည္။ Yuan က သူ႔လုပ္ငန္းတြင္ ရင္းႏွီးျမႇဳပ္ႏွံရန္ ရွင္းလင္းေျပာျပခဲ့ရာ Chen က ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳခဲ့သည္။

Chen ၏ ရင္းႏွီျမႇဳပ္ႏွံမႈလုပ္ငန္း Digital Mobile Venture Ltd. သည္ Zoom ၏ အစုရွယ္ယာအခ်ိဳ႕ကို ေရာင္းခ်ခဲ့ၿပီးၿပီ ျဖစ္သည္။ Zoom ကို အမ်ားပိုင္ကုမၸဏီအျဖစ္သို႔ ေျပာင္းလဲၿပီး အစုရွယ္ယာမ်ားကို လူထုထံ စတင္ေရာင္းခ်ခဲ့သည့္ ၂၀၁၉ ခုႏွစ္ ဧၿပီလတြင္ ရွယ္ယာမ်ား ၂၂ သန္းဖိုးကို Digital Mobile Venture Ltd. က ထုတ္ေရာင္းခဲ့သည္။ ၿပီးခဲ့သည့္ မတ္လတြင္ Zoom ရွယ္ယာမ်ား ေဈးေကာင္းေနစဥ္ အစုရွယ္ယာ ၁၃ သန္းကို ထုတ္ေရာင္းခဲ့သည္။ ကာလေပါက္ေဈးအရ အေမရိကန္ေဒၚလာ ၂ . ၁ ဘီလ်ံဖိုး အထိရွိမည္ဟု ခန္ံမွန္းသည္။
ဓာတုေဗဒျဖင့္ ထိုင္ဝမ္ရွိ National Tsing Hua University မွ ဘြဲ႕ရခဲ့ေသာ Chen သည္ မင္ကုန္သည္အျဖစ္ စီးပြားေရးေအာင္ျမင္ခဲ့ၿပီးသည့္ေနာက္တြင္ Digital Mobile Venture Ltd. ကို ထူေထာင္ကာ အရဲစြန႔္ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ျပဳခဲ့သည္။ ယခုအခါ အသက္ ၆၈ ႏွစ္ေက်ာ္ၿပီ ျဖစ္ၿပီး Zoom ၏ ဒါ႐ိုက္တာဘုတ္အဖြဲ႕မွ ၂၀၁၈ ခုႏွစ္တြင္ အနားယူခဲ့သည္။

 

Read times
Rate this item
(0 votes)