အိန္ဒိယမှ 'Remove China app' ကို Google က Play store မှ ဖယ်ရှားလိုက်ပြီ

အိန္ဒိယမှာ အလွန်ရေပန်းစားနေတဲ့ 'Remove China app' ကို Google က Play store မှ ဖယ်ရှားလိုက်ပါတယ်။

အဲဒီအက်ပ်က စမတ်ဖုန်းထဲမှာ ရှိနေတဲ့ တရုတ်ပြည်ဖြစ် အက်ပ်တွေကို ရှာဖွေပြီးစာရင်း လုပ်ပေးတယ်။ ဖယ်ရှားပစ်ချင်ရင်လည်း အဲဒီ 'Remove China app' အက်ပ်ဖြင့် ဖယ်ရှားခိုင်းလို့ ရတယ်။

ယခင်သတင်း ဖတ်ရှုရန်  ခေါင်းစဉ်ကို ထိပါ

အိန္ဒိယမှာ Remove China Apps ဒေါင်းယူသူ များပြား

 

ဒေါင်းလုဒ် ရယူကြိမ်ရေ တစ်သန်းကျော်သွားပြီးချိန်မှာ Google ရဲ့ မူနဲ့ ငြိစွန်းတယ်လို့ အကြောင်းပြပြီး ဖယ်ရှားပစ်လိုက်တာ ဖြစ်ပါတယ်။
'Remove China app' အက်ပ်ကို ဖန်တီးတဲ့လုပ်ငန်းက OneTouch AppLabs ဖြစ်ပြီး အိန္ဒိယနိုင်ငံ Jaipur မြို့မှ ဖြစ်ပါတယ်။

အိန္ဒိယမှာ တရုတ်ကုမ္ပဏီတွေ ရပ်တည်တဲ့အပေါ် စိုးရိမ်မကင်း ဖြစ်တာတွေ တိုးလာနေပြီး နှစ်နိုင်ငံနယ်ခြားမှာ အခြေအနေ တင်းမာနေချိန်မှာ #BoycottChineseProducts ဆိုတဲ့ လှုံ့ဆော်မှုတွေ Twitter မှာ လှုပ်ရှားနေကြတာ ဘောလီဝုဒ်မှ စဲလီတွေလည်း ပါဝင်တယ်။
Google ရဲ့ Play Store က Mitron ဆိုတဲ့ အက်ပ်ကိုလည်း ဖယ်ရှားခဲ့တယ်။ တရုတ်ပြည်မှ လာတဲ့ TikTok အစား သုံးလို့ရတဲ့ video sharing platform အက်ပ်ဖြစ်ပါတယ်။ ဧပြီလမှ စတင်ခဲ့ပြီး အိန္ဒိယမှာ ချက်ချင်းအလွန်ရေပန်းစားသွားတယ်။ ဒေါင်းလုပ် ရယူကြိမ်ရေ ၅ သန်းကျော် ရှိပါတယ်။

Mitron ဆိုတာ မိတ်ဆွေလို့ အဓိပ္ပာယ် ရပါတဲ့ ဟင်ဒီစကားလုံး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် မိုးဒီက တိုင်းပြည်ကို မိန့်ခွန်းပြောတဲ့အခါမှာ Mitron ကို သုံးပါတယ်။

 

အိႏၵိယမွ 'Remove China app' ကို Google က Play store မွ ဖယ္ရွားလိုက္ၿပီ

အိႏၵိယမွာ အလြန္ေရပန္းစားေနတဲ့ 'Remove China app' ကို Google က Play store မွ ဖယ္ရွားလိုက္ပါတယ္။ အဲဒီအက္ပ္က စမတ္ဖုန္းထဲမွာ ရွိေနတဲ့ တ႐ုတ္ျပည္ျဖစ္ အက္ပ္ေတြကို ရွာေဖြၿပီးစာရင္း လုပ္ေပးတယ္။ ဖယ္ရွားပစ္ခ်င္ရင္လည္း အဲဒီ 'Remove China app' အက္ပ္ျဖင့္ ဖယ္ရွားခိုင္းလို႔ ရတယ္။

ယခင္သတင္း ဖတ္ရႈရန္ 

အိႏၵိယမွာ Remove China Apps ေဒါင္းယူသူ မ်ားျပား

ေဒါင္းလုဒ္ ရယူႀကိမ္ေရ တစ္သန္းေက်ာ္သြားၿပီးခ်ိန္မွာ Google ရဲ႕ မူနဲ႔ ၿငိစြန္းတယ္လို႔ အေၾကာင္းျပၿပီး ဖယ္ရွားပစ္လိုက္တာ ျဖစ္ပါတယ္။
'Remove China app' အက္ပ္ကို ဖန္တီးတဲ့လုပ္ငန္းက OneTouch AppLabs ျဖစ္ၿပီး အိႏၵိယႏိုင္ငံ Jaipur ၿမိဳ႕မွ ျဖစ္ပါတယ္။

အိႏၵိယမွာ တ႐ုတ္ကုမၸဏီေတြ ရပ္တည္တဲ့အေပၚ စိုးရိမ္မကင္း ျဖစ္တာေတြ တိုးလာေနၿပီး ႏွစ္ႏိုင္ငံနယ္ျခားမွာ အေျခအေန တင္းမာေနခ်ိန္မွာ #BoycottChineseProducts ဆိုတဲ့ လႈံ႕ေဆာ္မႈေတြ Twitter မွာ လႈပ္ရွားေနၾကတာ ေဘာလီဝုဒ္မွ စဲလီေတြလည္း ပါဝင္တယ္။
Google ရဲ႕ Play Store က Mitron ဆိုတဲ့ အက္ပ္ကိုလည္း ဖယ္ရွားခဲ့တယ္။ တ႐ုတ္ျပည္မွ လာတဲ့ TikTok အစား သုံးလို႔ရတဲ့ video sharing platform အက္ပ္ျဖစ္ပါတယ္။ ဧၿပီလမွ စတင္ခဲ့ၿပီး အိႏၵိယမွာ ခ်က္ခ်င္းအလြန္ေရပန္းစားသြားတယ္။ ေဒါင္းလုပ္ ရယူႀကိမ္ေရ ၅ သန္းေက်ာ္ ရွိပါတယ္။

Mitron ဆိုတာ မိတ္ေဆြလို႔ အဓိပၸာယ္ ရပါတဲ့ ဟင္ဒီစကားလုံး ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံ ဝန္ႀကီးခ်ဳပ္ မိုးဒီက တိုင္းျပည္ကို မိန႔္ခြန္းေျပာတဲ့အခါမွာ Mitron ကို သုံးပါတယ္။

 

Read times
Rate this item
(1 Vote)