ICT News

Saturday, 06 June 2020 16:09

အကြိမ် ၁၈၀ ၀၀၀ ခေါက်ပြီးချိန်မှာ ကောင်းနေဆဲ Samsung Galaxy Z Flip

ကြိမ် ၁၈၀ ၀၀၀ ခေါက်ပြီးချိန်မှာ ကောင်းနေဆဲ Samsung Galaxy Z Flip  တစ်နေ့ အကြိမ် ၇၀ လေးလတိုင်တိုင် ကိုင်ထားတဲ့ Samsung Galaxy Z Flip ခေါက်ဖုန်းရဲ့ စခရင်မှာ ခေါက်ရိုးကျိုးရာမထင်၊ ပတ္တာတွေကလည်း ချောမွေ့နေဆဲ၊ တစ်နှစ်တာအတွက် စိတ်ဝင်စားစရာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်နေဆဲပါလို့ Consumer technology editor ဖြစ်သူ Samuel Gibbs က ဆောင်းပါး ရေးသားထားပါတယ်။ သူက အခုလို ဆက်လက် ရေးသားထားပါတယ်။   စခရင်ကို ထက်ဝက်နေရာကနေ ခေါက်ချိုးတဲ့  Galaxy Z Flip ကို Samsung က စတင်ဖြန့်ချိတော့ စခရင်ခေါက်တဲ့ နည်းပညာက ဟန်ကျပန်ကျ ရှိပြီလား။ ခေါက်ပိတ်လိုက် ပြန်လှန်ဖွင့်လိုက် လုပ်ပါများရင် စခရင်မှာ ခေါက်ရိုးကျိုးရာ ပေါ်လာမလား၊ တစ်ခုခု ဖြစ်မလား၊ ပတ္တာချောင်တာ စောင်းတာ ဖြစ်လာမလားဆိုတဲ့ သံသယတွေ ရှိနေခဲ့ပါတယ်။ အဲဒါကြောင့် လေးလတိုင်တိုင် တစ်နေ့ကို အကြိမ် ၇၀ ခေါက်လိုက် ဖြန့်လိုက် လုပ်ပြီး စမ်းကြည့်ဖြစ်ခဲ့ပါတယ်။   ဒီစမတ်ဖုန်းက ခေါက်ဖုန်းအမျိုးအစားမှာ Samsung ရဲ့ ဒုတိယ ခြေလှမ်း ကြိုးပမ်းမှု ဖြစ်ပါတယ်။ အရွယ်ကြီးတယ်။ အလျား ရှည်တယ်။  ဒါပေမဲ့ ခေါက်ထားပြီးချိန်မှာ အင်္ကျီ အိတ်ထောင်ထဲ ထည့်လို့ ဆန့်တယ်။  စခရင်မှာ ပြသတာလည်း အတော်ကောင်းမွန်တယ်။ ပတ္တာကလည်း အပြစ်ပြောစရာ မရှိဘူး။ ဖွင့်ထားချိန်မှာ ခေါက်ဖုန်းဆိုတဲ့ အရသာ မဖြစ်ပေါ်စေဘူး။ ဖွင့်ထားချိန်မှာ ခေါက်ဖုန်း မဟုတ်တဲ့ စမတ်ဖုန်းတွေအတိုင်းပဲ။ ဒါပေမဲ့ ဘယ်လောက် ကြာကြာခံမှာလဲ ဆိုတဲ့ မေးခွန်းက စိတ်ထဲ ရှိနေတယ်။    စခရင်မှာ ပလတ်စတစ်အလွှာ အထပ်ထပ်နဲ့ အင်မတိအင်မတန်ပါးနဲ့ မှန်လွှာပါတယ်။ ခြစ်ရာ ပွန်းရာ မဖြစ်ပေါ်စေဘူး။ နောက်တစ်ချက်က စခရင်က အချိန်ပြည့် ပေါ်နေတာ မဟုတ်ဘူး။ဖုန်းကို ခေါက်ပိတ်ထားချိန်မှာ စခရင်က လုံခြုံနေတော့ မတော်တဆ ခြစ်မိပွန်းမိစရာ အကြောင်းမရှိဘူး။ ပလတ်စတစ်အလွှာမှာ လက်ချောင်းစထိပ်နဲ့ ထိတဲ့အခါ လက်ဗွေရာ မထင်ကျန်အောင် လုပ်ပေးတာကတော့ တခြားစမတ်ဖုန်း အကောင်းစားတွေကို မမီဘူး။ လက်ဗွေရာလေးတွေ ထင်ကျန်တယ်။ ဝတ်ထားနဲ့ တီရှပ်နဲ့ စခရင်ကို ပွတ်ပေးပြီး သုတ်သင်ရတယ်။ ကျောဘက်မှာလည်း စခရင်ပါပြီး အဲဒီမှာတော့ ခြစ်ရာလေးတွေ ထင်နေတာ တွေ့ရတယ်။    ခေါက်ပိတ်ထားချိန်မှာ နှစ်ခြမ်း သိသိသာသာကြီး ဟမနေဘူး။   ပတ္တာကြားထဲ ဖုန်ဝင်တာ မတွေ့ဘူး။ အဲဒီအတွက် ဘရှပ်မျှင်လေးတွေ ထည့်ပေးထားပုံရတယ်။ ပတ္တာကို နားမှာ ကပ်ပြီး နားထောင်ရင်း ဖုန်းကို ခေါက်ပိတ်လိုက်ရင် အနှောင့်ဆီမှ ဘရှပ်တွေ လှဲကျင်းနေတဲ့အသံတိုးတိုးကို ကြားရတယ်။   Samsung က Z Flip ကို အကြိမ် ၂၀၀ ၀၀၀ ခေါက်ပိတ်လိုက် လှန်ဖွင့်လိုက် လုပ်လို့ရတယ်လို့ ဆိုထားတယ်။ အခု လက်ထဲ စမ်းသပ်နေတဲ့ ဖုန်းက အကြိမ် ၁၈၀ ၀၀၀ ကျော် လုပ်ပြီးသွားပြီ။  folding screen technology စခရင်ခေါက် နည်းပညာမှာ Samsung က ရှေ့ဆုံးမှ ဦးဆောင်နေတယ်လို့ ဆိုနိုင်တယ်၊ လက်တွေ့သုံးလို့ရတယ်။ တာရှည်ခံတယ်။   samsung galaxy z flip fingerprint scanner    fingerprint scanner က ပါးနေပေမဲ့ အလုပ်ကောင်းကောင်း လုပ်တယ်။ အလုပ်ကြမ်း လုပ်ထားလို့ လက်မမှာ ဒဏ် ရှိနေပေမဲ့လည်း လက်ဗွေရာကို ဖတ်ပေးနိုင်တာ တွေ့ရတယ်။    Samsung Galaxy Z Flip သုံးတာမှာ အရသာတစ်ခုက ဖုန်းပြောပြီးလို့ ပြန်ခေါက်ပိတ်တဲ့အခါ ဖုန်းကို ဆတ်ခနဲ ပြန်ခေါက်ပိတ်လိုက်တဲ့ အရသာ ဖြစ်ပါတယ်။ အပြင်ဘက်မှာ စီစဉ်ပေးထားတဲ့ notification panel က နိုတီတွေကို ပြသပေးနေတယ်။ ခေါက်ထားတဲ့ဖုန်းကို ခေါက်လျက်သားဖြင့် နိုတီတွေကို ကြည့်လို့ရတာကလည်း အတော်ဟန်ကျတယ်။ ဒါပေမဲ့ နည်းနည်းလေး ပိုကျယ်ရင် ကောင်းမယ်။ နိုတီမှာ ပါတဲ့ စာတွေ ပိုများများ ပေါ်နေမယ်။ ဖတ်ရတာ ပိုအဆင်ပြေသွားမယ်။   ကင်မရာကလည်း မဆိုးပါဘူး။ တယ်လီဇွန်း ဆွဲလို့တော့ မကောင်းဘူး။ ဘက်ထရီက  တစ်ရက်ခံတယ်။ အဲဒီထက် ပိုခံဖို့ကိုတော့ မမျှော်လင့်ပါနဲ့။    ခြုံငုံပြီး ပြောရရင်  Galaxy Z Flip ကိုင် ကိုင်ရတာ အဆင်ပြေတယ်။ စခရင်ခါက်တဲ့ နည်းပညာ အတော်ကောင်းတယ်။ နောက်မျိုးဆက်တွေမှာ အခုထက် ပိုကောင်းလိမ့်မယ်။ ဈေးသက်သာအောင်လည်း လုပ်နိုင်လိမ့်မယ်။ စမတ်ဖုန်းတွေကြားမှာ  ခေါက်ဖုန်းဆိုတဲ့ ရွေးစရာတစ်ခု ရှိနေလိမ့်မယ်။
Saturday, 06 June 2020 15:34

စားသောက်ဆိုင်များနှင့် စားစရာပို့အက်ပ်များအကြား ကော်မရှင်ကိစ္စ

coronavirus နှင့် သက်ဆိုင်သော ကန့်သတ်ချက်များကြောင့် စင်ကာပူရှိ စားသောက်ဆိုင်များသည်
Friday, 05 June 2020 21:31

ပြန်လည်ခေါင်းထောင်လာတဲ့ တရားမဝင်ဟန်းဆက်ဈေးကွက်

၂၀၁၉ ဇွန်လ ၁ ရက်မှ စတင်အသက်ဝင်ခဲ့သည့် တရားဝင် ဟန်းဆက်ရောင်းချမှု ဈေးကွက်သည် COVID-19 ရောဂါကြောင့် တရားမဝင် ဟန်းဆက်ရောင်းချမှု ဈေးကွက်ဆီသို့ တဖြည်းဖြည်း ဦး တည်လာနေသည်။ 
Friday, 05 June 2020 21:04

အန္တရာယ်ရှိသော Office ဖိုင်များနှင့်ပတ်သက်၍ သတိပေးချက်

၁။ ယနေ့အခါတွင် ဆိုက်ဘာတိုက်ခိုက်သူများ (Threat Actor)
Friday, 05 June 2020 16:03

ခေတ်မီအိတ်ချိန်းစက်များ လဲလှယ်ပြီးဖြစ်ပါသဖြင့် အော်တိုတယ်လီဖုန်းနံပါတ်များအား ပြောင်းလဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)အနေဖြင့်
Friday, 05 June 2020 10:16

တောင်ကိုရီးယားမှ food-delivery လုပ်ငန်း Yogiyo ဒေါ်လာ ၄ သိန်းနီးပါး ဒဏ်တပ်ခံရ

ပြည်တွင်းဈေးကွက်အပေါ် လွှမ်းမိုးကြီးစိုးထားနိုင်တဲ့အပေါ် အခွင့်ကောင်းယူပြီး
Thursday, 04 June 2020 15:00

OPPO မှ IEEE နှင့် မဟာဗျူဟာ မိတ်ဖက်များအဖြစ် နိုင်ငံတကာ ပညာရေး နှင့် ကမ္ဘာလုံးဆိုင်ရာ နည်းပညာ စံချိန်စံညွှန်းများ ဆောင်ရွက်ရန် သဘောတူစာချုပ်ချုပ်ဆို

OPPO မှ လျှပ်စစ်နှင့် အီလက်ထရောနစ် အင်ဂျင်နီယာများ အဖွဲ့အစည်း Institute of Electrical and Electronics Engineers (IEEE) ကုမ္ပဏီနှင့်အတူ ပညာရေးဖလှယ်မှုများ ပိုမိုတိုးမြှင့် လုပ် ဆောင်ရန်နှင့် 5G၊ AI နည်းပညာနှင့် Big Data ပိုင်းတို့ စံပြတီထွင်ရာတွင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူ စာချုပ်ကို ချုပ်ဆိုခဲ့သည်။
Thursday, 04 June 2020 12:49

ဒီပုံကို Andriod ဖုန်း စခရင် မတင်မိစေနဲ့

သင်ကသာ Android ဖုန်းအသုံးပြုသူ တော်တော်များများ မှာ ကြောက်မက်ဖွယ်ရာ နဲ့ အူကြောင်ကြောင်နိုင်တဲ့ ကိစ္စ ရပ်လေးတစ်ခုဖြစ်နေကြောင်း
Thursday, 04 June 2020 10:48

Microsoft က Jio Platforms Ltd မှာ ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန် စေ့စပ်ညှိနှိုင်

Microsoft Corp. သည် အိန္ဒိယ ဘီလျံနာသူဌေး Mukesh Ambani ၏ Jio Platforms Ltd မှာဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်

Search Articles